ရန်ကုန်  ၁၈  ဇူလိုင်

ရန်ကုန် - ပုသိမ်လမ်း မိုင်တိုင် (၃၉/-၃၉/)အတွင်းရှိ မီးရထား လမ်းကူးနေရာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေပါသဖြင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ရန်ကုန်ဘက်မှလာသောမော်တော်ယာဉ်များနှင့် ပုသိမ်ဘက်မှလာသောမော်တော်ယာဉ်များအား အလှည့်ကျ စနစ်ဖြင့်စေလွှတ်ဆောင်ရွက်လျှက်ရှိကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ပါ၍ မော်တော်ယာဉ်များသည် အလှည့်ကျလွှတ်ရန် စောင့်ဆိုင်းနေစဉ် ကာလအတွင်း ကျော်တက်ခြင်း မပြုဘဲ စိတ်ရှည်သည်းခံစွာ မောင်းနှင်ပေးခြင်းဖြင့် ပူးပေါင်းကူညီပေးပါရန်မေတ္တာရပ်ခံထားသည်။

#လမ်းဦးစီးဌာန