ရန်ကုန် ဩဂုတ် ၉ 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်ခရိုင် ၂၀၂၂ခုနှစ်(၂၃)ကြိမ်မြေက် အဆို၊အက၊အရေး၊အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင် အဆိုပါ မြန်မာကွန်းဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီးအသီးသီး တို့မှ ကော်မတီဝင်တာဝန်ရှိသူများ၊  အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲ ဝင်များနှင့် မိသားစုဝင်များ အနုပညာချစ်မြတ်နိုးသူ ပြည်သူများတက်ရောက် ကြသည်၊၊

ထို့နောက် အဆို၊အက၊အရေး၊အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ဝါသနာရှင် ပထမတန်းအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့်ဘာသာရပ်အလိုက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ အထူးဆု ရရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင်ကြသည်၊၊


ယင်းနောက်  အဆို၊အက၊အရေး၊အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ဆုတံဆိပ် အများ ဆုံးရရှိသော စမ်းချောင်းမြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ဝန်ကြီးများက တံခွန်စိုက်ဆု ချီးမြှင့် ပေးအပ်သည်။

ဆက်လက်၍(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပွဲစဉ်အစမှ အဆုံးကြိုးပမ်း ဆောင်ရွက်ပေး ခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်ဆုရရှိသူများ၏ ဖျော်ဖြေတင်ဆက်မှုကို တိုင်းဒေသကြီး ဝန်ကြီးများ၊ အခမ်းအနားသို့တက်ရောက် လာကြသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရ သည်၊၊

(သတင်းစဉ်)