ရန်ကုန် ဩဂုတ် ၁၆
၂၀၂၂-ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် ရန်ကုန်မြောက် ပိုင်းခရိုင် အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဝန်ကြီး မြိုတော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဦးစီး ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်မြောက်ပိုင်း ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြောက်ပိုင်း ခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အကဲ ဖြတ်ပညာရှင် ဦးသန်းထွန်းလေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ယင်းနောက် တေးသံရှင်ရွှေယမင်းဦး က သီရိရတနာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ မှုကို လည်းကောင်း ၊ နိုင်ငံတော်ရွှေတံဆိပ်(၁၉)ဆုရှင် ရုပ်သေးပညာရှင် ဒေါ်မေသူဝင်းနှင့် နိုင်ငံတော်ရွှေတံဆိပ်(၅)ဆုရှင် ဦးအောင်သန်းဝင်းတို့က ရုပ်သေးအကဖျော်ဖြေမှုကို လည်းကောင်း၊ တေးရေးမျိုးမင်းမြင့်မြင့် ရေးစပ်သီကုံး သော မြောက်ပိုင်းခရိုင် ကိုယ်စားပြု တေးသီချင်းကို မဟာရန်ကုန် ပြည်ချစ်မယ် ပေါက်ကျော်မနှင့်အဖွဲ့က မြန်မာ့ဆိုင်းဝိုင်း ကြီးဖြင့် တီးခတ်သီဆိုဖျော်ဖြေမှုကိုလည်းကောင်း၊ မှော်ဘီမြို့နယ် ပြိုင်ပွဲဝင်ဝါသနာရှင် ဒိုးပတ်အဖွဲ့၏ တီးခတ်ဖျော်ဖြေမှုတို့ကိုလည်းကောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌတို့က ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် အဆိုပြိုင်ပွဲတွင် မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်ဇာတိ ဂုဏ် မြင့်မားရေး အမျိုးအစား(၃)မျိုး၊ အကပြိုင်ပွဲတွင် ရုပ်သေးအက၊ လူအက၊ ကွက်စိပ် အက(၃)မျိုး၊ အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲတွင် နှဲ၊ ပုလွေ၊ ဂီတာ၊ ဆိုင်းတစ်ဦးချင်း၊ ဆိုင်း အဖွဲ့လိုက်၊ ပတ္တလား၊ မယ်ဒလင်၊ စန္ဒယား၊ အိုးစည်၊ ဒိုးပတ်၊ စောင်းအမျိုးအစားတို့ဖြင့် ပြိုင်ပွဲအမျိုးအစား(၁၈)မျိုးကို သတ်မှတ်နေရာ(၃) နေရာတို့တွင် ယှဉ်ပြိုင်ကြသည်။
၂၀၂၂-ခုနှစ်၊(၂၃)ကြိမ်မြောက် ရန်ကုန်မြောက်ပိုင်းခရိုင် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီတွင် အဆိုပါ မြို့နယ်ခန်းမ၌ ဆက်လက်ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ နှုတ်ခွန်းဆက်စကားပြောကြား သည်။
ထို့နောက် ဝါသနာရှင်ပထမတန်း၊ ဝါသနာရှင်ဒုတိယတန်းနှင့် ကဏ္ဍအလိုက် ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့်တံခွန်စိုက်ဆုရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှုးများက ဆုများချီးမြှင့်ကြပြီး ဆုရရှိသူများ၏ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြို့နယ်(၉) မြို့နယ် တွင် ဆုအများဆုံး ရရှိခဲ့သော အင်းစိန်မြို့နယ်အား တံခွန်စိုက်ဆုကို ချီးမြှင့် ပေးအပ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဝါသနာ ရှင်ပထမတန်း ပြိုင်ပွဲဝင်(၁၉)ဦး၊ ဝါသနာရှင်ဒုတိယတန်း ပြိုင်ပွဲဝင်(၅၉)ဦးတို့ တွင် အဆို ပြိုင်ပွဲ၌ (၂၃)ဦး၊ အကပြိုင်ပွဲ ၌(၇)ဦး၊ အရေးပြိုင်ပွဲ၌(၃)ဦးနှင့် အတီးပြိုင်ပွဲ ၌(၄၅)ဦး စုစု ပေါင်း(၇၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုအမျိုးအစား (၄၅)ခုချီးမြှင့်ခဲ့သည်။
၂၀၂၂-ခုနှစ်၊(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများသည် တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့် တို့တွင် ဆက်လက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
( သတင်းစဉ် )