ရန်ကုန် ၂၁ မေ 


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ ပထမထပ်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးခန်းတွင် ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ သမိုင်းပြပွဲကို မေ ၂၁ ရက် ညနေ ၆ နာရီကကျင်းပခဲ့သည်။


ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)ဟာ Slade Property Services ရဲ့ ထောက်ကူမှုနဲ့ ဗိသုကာပညာရှင်  ဦးအောင်စိုးမြင့်၊ ပန်းချီ ပညာရှင် ဦးထိန်လင်းတို့နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အအုံများ၏ သမိုင်းပြပွဲကျင်းပခြင်းဖြစ်ပြီး ပြပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကြည့်ရှုခဲ့သည် ။

 

1


“ဒီပြပွဲမှာ လူအများ၊ နေရာများ၊ အမှတ်တရများ၊ သမိုင်းဝင်ပစ္စည်းများ  ကိုပြသပြီး ရန်ကုန်မြို့ရဲ့ သူမတူထူးခြားတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည် ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။  ရှာဖွေစုဆောင်းထားတဲ့ အရာဝတ္ထုများက တစ်ဆင့် ရန်ကုန်မြို့ရဲ့ အရေးပါတဲ့ အမွေအနှစ်အဆောက်အအုံများရဲ့ သမိုင်းများကို ဒီပြပွဲက ပြောပြနိုင်ပါလိမ့်မယ်။ ဒီအထဲက တချို့သော အဆောက်အအုံတွေဟာ ဖြိုဖျက် ခံလိုက်ရပြီ ဖြစ်ပေမယ့် တချို့ကိုတော့ ယနေ့တိုင် တွေ့မြင်နိုင်ပါသေး တယ်။   ဖြိုဖျက်ခံရလို့ ဆုံးရှုံးခဲ့ရပြီဖြစ်တဲ့ အမွေအနှစ် အဆောက်အအုံတွေမှ ကျန်ရစ်ခဲ့တာတွေကို မှန်ဗီရိုတွေထဲမှာ ထည့်သွင်း ပြသထားမှာပါ” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ ဒါရိုက်တာဒေါ်မိုးမိုးလွင်က ပြောကြားသည်။


ပြပွဲကို လာမည့် မေလ ၂၅ ရက်၊ စနေနေ့ မနက် ၁၀ နာရီမှ စတင်၍ အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ပါသဖြင့် လာရောက် လေ့လာနိုင်ကြောင်း သိရသည်။ 


ဆန်းကျော်ဦး (ပြန်/ဆက်)

 

1