ရန်ကုန် မေ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်အား မေ ၁၂ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အပြင် စာသင်ခန်းများနှင့် လက်တွေ့ခန်းများ၊ စာကြည့်တိုက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ထားရှိရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက်ရှိပြီဖြစ်သည်။

ဒဂုံတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ် ကျောင်းသား ကျောင်းသူ စာရင်းရှိ ၈၀၈၃ ဦး၊ ကျောင်းအပ်နှံမှု ၈၀၈၃ ဦး၊ ယနေ့တက်ရောက်မှု ၆၁ ဦး၊ ဒုတိယနှစ်စာရင်းရှိ ၆၄၄၁ ဦး၊ ကျောင်းအပ်နှံမှု ၆၄၄၁ ဦး၊ ယနေ့တက်ရောက်မှု ၈၂ ဦး၊ တတိယနှစ်စာရင်းရှိ ၅၄၀၈ ဦး၊ ကျောင်းအပ်နှံမှု ၅၄၀၈ ဦး၊ ယနေ့တက်ရောက်သူ ၆၀၊ ဂုဏ်ထူးတန်းပထမနှစ် စာရင်းရှိ ၃၈၄ ဦး၊ ကျောင်းအပ်နှံမှု ၃၈၄ ဦး၊ ယနေ့တက်ရောက်မှု ငါးဦး၂၀၂၁-၂၀၂၂ပညာသင်နှစ် ဂုဏ်ထူးတန်း တတိယနှစ် စာရင်းရှိ ၇၀၊ ကျောင်းအပ်နှံမှု ၇၀၊ ယနေ့တက်ရောက်မှု ခုနစ်ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မဟာအရည်အချင်းစစ် သင်တန်း စာရင်းရှိ ၂၆၃ ဦး၊ ကျောင်းအပ်နှံမှု ၄၆ ဦး၊ ယနေ့တက်ရောက်သူ တစ်ဦး၊ မဟာဘွဲ့သင်တန်း စာရင်းရှိ ၅၉၇ ဦး၊ ကျောင်းအပ်နှံမှု ၂၄၂ ဦး၊ ယနေ့တက်ရောက်သူ ၂၆ ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် ၂၀၂၀ ပြည်နှစ် တက္ကသိုလ်စာမေးပွဲ အောင်မြင်သူများ စာရင်းရှိ ၂၆၅၈ ဦး၊ ကျောင်းအပ်နှံမှု ၉၁၃ ဦး၊ ယနေ့တက်ရောက်သူ ၁၈၈ ဦးရှိရာ စုစုပေါင်းစာရင်းရှိ ၂၃၉၀၄ ဦး၊ ကျောင်းအပ်နှံမှု ၂၁၅၈၇ ဦး၊ ယနေ့တက်ရောက်မှု ၄၃၀ ရှိကြောင်း ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ထံမှ သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)