ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် ယာယီကွပ်ကဲရေးရုံးသို့ရောက်ရှိရာ တာဝန်ရှိသူများက သီတင်းကျွတ် မီးထွန်းပွဲတော် အတွက် ဖျော်ဖြေရေးစင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများ ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားမှုများကိုတင်ပြကြပြီး မြို့တော်ဝန်က လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ပန်းကွက်ဖော်ဆောင်ရွက်နေမှုနှင့် သီတင်းကျွတ် ကာလအတွင်း အလှဆင် မီးပန်းသစ်ပင်များ၊ မီးဆိုင်းများ၊ We Love Yangon မီးဆိုင်းထားရှိရန်နေရာများ၊ ‌ဖျော်ဖြေရေးစင်မြင့်၊ စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်းများထားရှိရန် ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်