ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံအတွင်း အများပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှုနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်များ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံအတွင်း ရောင်စုံပန်းအလှပင်များ ပုံဖော်စိုက်ပျိုးရန်၊ အများပြည်သူ နားနေရာ ခုံတန်းများနှင့် အမိုးများပြုပြင်ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် မြို့တော်ဝန်သည် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း မြန်မာ့မီးရထား ရုံးချုပ် ရုံးဟောင်း မြေနေရာ၌ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ဗိုလ်မြတ်ထွန်း မြစ်ထွက်ပေါက် ရေမြောင်းမြေထိန်းနံရံ တည်ဆောက်ပြီးစီးမှုနှင့် ကုန်တင် ရထားလမ်းကူး Box Culvert တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်သည် အလုံမြို့နယ် သခင်မြပန်းခြံ၌ ပြည်သူများ အပန်းဖြေ အနားယူနေမှု၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှု၊ စိမ်းလန်းစိုပြည်ရေးနှင့် မြေယာရှုခင်းများ ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံအဝင်အထွက်လမ်းများ ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်ရန်၊ ရောင်စုံပန်းအလှပင်များ ထည့်သွင်း၍ မြေယာရှုခင်းပြုပြင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်