ရန်ကုန် ၂၂ သြဂုတ်
လူမှုထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ရန်ကုန်ပြည်လည်ထူထောင်ရေးစခန်း (၂/၂၀၁၉)စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကို သြဂုတ် ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း လူမှုဝန်ထမ်းဝင်းရှိ ရန်ကုန်ပြန်လည် ထူထောင်ရေး စခန်းရုံး၌ ကျင်းပသည်။
ရှေးဦးစွာ လူမှုထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌ ဦးစံရှိန် က နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အချက်အလက်များအား ရှင်းလင်းပြောကြားပြီး စိတ်ဓာတ်မြှင့်တင်ရေး ပညာရှင် ဒေါက်တာဖုန်းမြင့်က အနာဂတ်ဘဝအတွက် အကြံဉာဏ်များအကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်း ဆင်း ဂုဏ်ပြုကတ်များ ပေးအပ်ကြသည်။
အဆိုပါ စခန်းအခြေပြု ပြန်လည်ထူထောင်းရေးသင်တန်းဆင်းပွဲတွင် သင်တန်းသား ဦးရေ ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၃၅ ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အာကာစိုး


