နေပြည်တော် နိုဝင်ဘာ ၁၉

သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ စက်သုံးဆီများအား ဆီသယ်ယာဉ် (Bowser)များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်းသယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသည်။

ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင် (၂,၂၆၁)ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၆၀၂ စီးဖြင့် 92 Ron ဂါလန် (၁ သန်း ၄ သိန်းကျော်)၊ 95 Ron ဂါလန် (၃ သိန်း ၆ သောင်းကျော်)၊ ဒီဇယ်ဆီ ဂါလန် (၁ သန်း ၁ သိန်း ၅ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၁ သန်း ၅ သိန်း ၄ သောင်းကျော်)အား ပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှုအခြေအနေမှာ ပုံမှန်အတိုင်းဖြစ်ပြီး ပြည်သူများက စက်သုံးဆီများကို အမျိုးအစားအလိုက် လုံလောက်စွာ ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်