ဗိုလ်တထောင် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အဆိုပါ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅၊ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်မှုမှာ ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူ ၄၄၆ ဦး၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ၂၄၃ ဦး၊ တတိယနှစ် (ပထမနှစ်ဝက် - ၂၀၂၀ အောင်) ၁၀၂ ဦး၊ တတိယနှစ် (ဒုတိယနှစ်ဝက်) ၅၅ ဦး၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ၁၃၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၉၈၁ ဦး ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)