ဘားအံ ၂၄ ဩဂုတ်
ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် သဘာဝဘေး(ရေဘေး) ဒဏ်သင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများက ယနေ့ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အလှူငွေများ ထောက်ပံ့လှူဒါန်းသည်။
ရှေးဦးစွာ သာကေတမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများကိုယ်စား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက အလှူငွေများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သာကေတမြို့နယ် စေတနာရှင်ပြည်သူများက လှူဒါန်းသော ငွေကျပ်သိန်း (၁၇၀)အား ကိုယ်စားလှယ်များက ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


