ရန်ကုန် ၂၉ မေ
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်သည် ရုံးအဖွဲ့မှူး ဦးရဲလွင်၊ ခရိုင်နှင့် မြို့နယ်တရားသူကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းနှင့် လှေလှော်အင်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် တရားသူကြီး ဦးအောင်နိုင်သည် စခန်းရှိ အကျဉ်းသားများနှင့်တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများ ခံစားရရှိခွင့်ရှိ၊ မရှိ၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးမှု အတတ်ပညာသင်ကြားပေးမှုများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စခန်းရှိ တာဝန်ရှိသူများအား မှာကြားသည်။
(သတင်းစဉ်)
