ရန်ကုန်       သြဂုတ်         ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ အောက်ရှိ အမှတ်(၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၇) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ လုံခြုံရေးအရန်တပ်ခွဲတို့မှ ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံ စားသောက်ကုန်များကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ တို့က နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးတည်ပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လည်းကောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို အချိန်ပြည့်တာဝန်ယူ စောင့်ရှောက်ပေးနေကာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ဒေါပုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့နယ်တို့ရှိ အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ အောက်ရှိ ရဲတပ်ဖွဲ့ဝင်များအား ငွေကျပ် ၄၈၉၅၀၀၀ တန်ဖိုးရှိ အခြေခံ စားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကော်ဖီမစ်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးနီတူခြောက်၊ အာလူး တို့အား ထောက်ပံ့ပေးအပ်ပြီး ဝန်ကြီးချုပ်က တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီစိတ်၊ ညီအစ်ကို စိတ်ဓာတ်ဖြင့် ဖေးမကူညီပြီး နေထိုင်ကြရန်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ကျန်းမာရေးအထူးဂရုပြု၍ နေထိုင်ကြရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)