ရန်ကုန်တိုင်းဒေသကြီးအတွင်း   ပြည်ပသို့   ခရီးသွားရာဇဝင် မရှိဘဲ  ပြည်တွင်းကူးစက်မှုအဖြစ်   သုံးသပ်ရသော   COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား   (၂၄-၈-၂၀၂၀)  ရက်နေ့တွင် စတင်တွေ့ရှိခဲ့ရာ (၈-၉-၂၀၂၀) ရက်နေ့အထိ လူနာ (၆၅၆) ဦးအထိ ရှိလာကြောင်း တွေ့ရှိရပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်အပါအဝင် မြို့နယ် (၄၄)   မြို့နယ်   (ကိုကိုးကျွန်းမြို့နယ်မပါ)   တွင်   နေထိုင်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ် များမှအပ ရန်ကုန်တိုင်းဒေသကြီးပြင်ပသို့ (၁၁-၉-၂၀၂၀) ရက်နေ့မှ (၁-၁၀-၂၀၂၀)   ရက်နေ့အထိ   ခရီးသွားရောက်ခြင်း   မပြုရန် တားမြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့