ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစတင်၍ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရပ်၊ကျေး (၂၀) မှ ပြည်သူ (၆၅၀)၊ တွံတေးမြို့နယ် ရပ်၊ ကျေး (၄၃)ခုမှ ပြည်သူ(၅၅၇)ဦး၊ လသာမြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ(၄၃၈) ဦး တက်ရောက်၍ စုစုပေါင်း(၁၆၄၅)ဦး လက်တွေ့စမ်းသပ်မဲပေး လေ့လာမှုများ ဆောင်ရွက်ကြသည်။
အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၁၄)ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ တွံတေးမြို့နယ်နှင့် လသာမြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်