ရန်ကုန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစတင်၍ ခရိုင်နယ်မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မင်္ဂလာဒုံမြို့နယ် ရပ်၊ကျေး (၁၆) ခုမှ ပြည်သူ (၄၆၅) ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ရပ်၊ကျေး (၂၀)မှ ပြည်သူ (၆၅၀)၊ တွံတေးမြို့နယ်ရပ်၊ကျေး (၃၀)မှ ပြည်သူ (၄၅၂) ဦး၊ လသာမြို့နယ် ရပ်ကွက်(၅)ခုမှ ပြည်သူ (၄၂၇)ဦး၊ စုစုပေါင်း ပြည်သူ(၁၉၉၄)ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။
သို့ဖြစ်၍ ဒီဇင်ဘာ (၄)ရက်မှ (၁၄)ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ်(၁၇) ခုတို့မှ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ (၁၄၉၄၃)ဦးတက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ပြီး အဆိုပါ အီလက် ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၁၅) ရက်နှင့် (၁၈)ရက်များတွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)