ရန်ကုန် ဒီဇင်ဘာ ၁၅

 

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ (၄) ရက်မှစ၍‌ ခရိုင်နယ်မြေ များအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မင်္ဂလာဒုံမြို့နယ် ရပ်၊ကျေး (၁၆) ခုမှ ပြည်သူ (၄၁၁) ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၄၅၀) ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက် (၃) ခုမှ ပြည်သူ (၃၄၃) ဦး၊ လမ်းမတော်မြို့နယ် ရပ်ကွက် (၁၃) ခုမှ ပြည်သူ (၄၅၄) ဦး၊ စုစုပေါင်းပြည်သူ (၁၆၅၈) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြသည်။

 

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ် ကို ဒီဇင်ဘာ (၁၈) ရက်တွင် ရွှေပြည်သာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် လမ်းမတော်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ် )