ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစ၍ ခရိုင်နယ်မြေများအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကင်းမြို့နယ် ရပ်ကွက် (၁၅) ခုမှ ပြည်သူ (၄၁၄) ဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရပ်ကွက် (၁၂) ခုမှ ပြည်သူ (၄၂၁) ဦး၊ ဒေါပုံမြို့နယ် ရပ်ကွက် (၈) ခုမှ ပြည်သူ (၄၉၅) ဦး၊ မရမ်းကုန်းမြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၄၆၈) ဦး၊ စုစုပေါင်းပြည်သူ (၁၇၉၈) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ (၄) ရက်မှ (၂၄) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် (၃၂) ခုတို့မှ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၂၉၈၇၇) ဦး တက်ရောက်လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၂၆) ရက်တွင် တိုက်ကြီးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် စမ်းချောင်းမြို့နယ်များတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်