ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစ၍ ခရိုင်နယ်မြေများအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေပြည်သာမြို့နယ် ရပ်၊ ကျေး (၁၄) ခုမှ ပြည်သူ (၅၀၈) ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၄၂၅) ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက် (၆) ခုမှ ပြည်သူ (၃၅၄) ဦး၊ လမ်းမတော်မြို့နယ် ရပ်ကွက် (၈) ခုမှ ပြည်သူ (၄၂၅) ဦး၊ စုစုပေါင်းပြည်သူ (၁၇၁၂) ဦးတက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ (၄) ရက်မှ (၁၈) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် (၂၁) ခုတို့မှ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ (၁၈၃၁၃) ဦး တက်ရောက်လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၁၉) ရက်တွင် ရွှေပြည်သာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒလမြို့နယ်နှင့် အလုံမြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်