ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစ၍‌ ခရိုင်နယ်မြေ များအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကင်းမြို့နယ် ရပ်ကွက် (၁၅) ခုမှ ပြည်သူ (၅၀၈) ဦး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရပ်ကွက် (၁၅) ခုမှ ပြည်သူ (၄၁၈) ဦး၊ ဒေါပုံမြို့နယ် ရပ်ကွက် (၆) ခုမှ ပြည်သူ (၅၆၂) ဦး၊ မရမ်းကုန်းမြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၄၄၀) ၊ စုစုပေါင်းပြည်သူ (၁၉၂၈) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေး လေ့လာကြသည်။

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ကိုဒီဇင်ဘာ (၂၄) ရက်တွင် ရန်ကင်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် မရမ်းကုန်း မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်