ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစ၍‌ ခရိုင်နယ်မြေ များအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တိုက်ကြီးမြို့နယ် ရပ်၊ကျေး (၄၇) ခုမှ ပြည်သူ (၅၀၅) ဦး၊ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၄၇၇) ဦး၊ ကော့မှူးမြို့နယ် ရပ်၊ကျေး (၃၉) ခုမှ ပြည်သူ (၆၀၆) ဦး၊ စမ်းချောင်းမြို့နယ် ရပ်ကွက် (၈) ခုမှ ပြည်သူ (၄၆၆) ဦး၊ စုစုပေါင်းပြည်သူ (၂၀၅၄) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ (၄) ရက်မှ (၂၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် (၃၆) ခုတို့မှ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၃၄၀၄၀) တက်ရောက်လက်တွေ့စမ်းသပ် မဲပေးလေ့လာ ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာ ခြင်းကို ဒီဇင်ဘာ (၂၈) ရက်တွင် မှော်ဘီမြို့နယ်၊ သာကေတမြို့နယ်၊ ဗိုလ်တထောင် မြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်