ရန်ကုန် ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ (၄) ရက်မှစ၍‌ ခရိုင်နယ်မြေ များအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ထန်းတပင်မြို့နယ် ရပ်၊ကျေး (၃၀) မှ ပြည်သူ (၄၉၆) ဦး၊ သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက် (၂၀) မှ ပြည်သူ (၄၆၆) ဦး၊ လှိုင်မြို့နယ် ရပ်ကွက် (၈) ခုမှ ပြည်သူ (၄၃၀) ၊ ဗဟန်းမြို့နယ် ရပ်ကွက် (၁၁) ခုမှ ပြည်သူ (၄၈၅) ဦး၊ စုစုပေါင်းပြည်သူ (၁၈၇၇) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဇန်နဝါရီ (၁) ရက်တွင် ထန်းတပင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် ဗဟန်း မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်