ရန်ကုန် ဒီဇင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်မှစ၍‌ ခရိုင်နယ်မြေများအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လှည်းကူးမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ ပြည်သူ ၂၂၀၀ တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာမှုများ ဆောင်ရွက်ကြသည်။

 

ဒီဇင်ဘာ ၄ ရက်မှ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် ၂၈ ခုမှ စုစုပေါင်း မဲဆန္ဒရှင် ပြည်သူ ၂၆၁၅၁ ဦး လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ (၂၃)ရက်တွင် ရန်ကင်း မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)