ရန်ကုန်၊ ဒီဇင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီးရှိ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်မှစ၍‌ ခရိုင်နယ်မြေများအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ရပ်ကျေးရှစ်ခုမှ ပြည်သူ (၄၄၅) ဦး၊ တာမွေမြို့နယ် ရပ်ကွက် (၁၀) ခုမှ ပြည်သူ (၄၅၀) ဦး၊ ခရမ်းမြို့နယ် ရပ်ကျေး (၃၅)ခုမှ ပြည်သူ (၄၉၈) ဦး၊ ဒဂုံမြို့နယ်ရပ်ကွက် ငါးခုမှ ပြည်သူ (၄၃၂) ဦး တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များလည်း တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေး လေ့လာအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို ဒီဇင်ဘာ (၁၂) ရက်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ တာမွေမြို့နယ်၊ ခရမ်းမြို့နယ်၊ ဒဂုံမြို့နယ်များတွင် တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်