ဇလွန်  ၂၄   မေ 


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု နန်းတော်ကျွန်းကျေးရွာတွင် ဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

1

 


အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်များထံမှ ရေစက်ချ အနုမောဒနာတရား နာကြားပြီးလှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးတို့မှ ဘိုးဘွားရိပ်သာ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက်ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်း ခဲ့ကြကြောင်း သိရသည်။


ဝေယံ-ဇလွန်(ပြန်/ဆက်)