ရန်ကုန် ဒီဇင်ဘာ ၂၈
ရန်ကုန်တက္ကသိုလ်မြန်မာစာ မိသားစု (၂၃)ကြိမ်မြောက် အာစရိယပူဇော်ပွဲကို (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီ (၄)ရက် တနင်္ဂနွေတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့တွင် အသက် (၇ဝ)နှင့်အထက် အငြိမ်းစားဆရာ၊ ဆရာမကြီး (၉၅)ဦးအား အိမ်တိုင်ရာရောက် သွားရောက်ပူဇော် ကန်တော့ကြမည်ဖြစ်ရာ ပညာသင်နှစ်အသီးသီးမှ ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ်များ၊ မြန်မာစာဌာနက ဖွင့်လှစ်ခဲ့သော ဒီပလိုမာသင်တန်းများမှ စေတနာရှင်များအနေဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ အလှူငွေများ၊ လှူဒါန်းလိုသော ပစ္စည်းများပေးပို့နိုင်ကြောင်းနှင့် အလှူငွေများကို K pay/ Wave Money ဖြင့်လည်း ပေးပို့လှူဒါန်းနိုင်သည်။
အလှူငွေများကို မြန်မာစာဌာနတွဲဖက်ပါမောက္ခ ဒေါက်တာ သူဇာဝင်း (09420159190)၊ ကတိက ဒေါ်မမကြူ (09 5079649)၊ ကထိက၊ ဒေါက်တာ ဇင်မီစံ (09 798434947) တို့ထံသို့လည်းကောင်း မြန်မာစာကျောင်းသား ဟောင်းများအသင်းအမှု ဆောင်ဦးကျော်တင့် (09 450061609)၊ ဒေါ်မြင့်မြင့်ကြည် (09 202599802၊ ဒေါက်တာ စိုးလွင် (09 5118805)၊ ဒေါက်တာ သန်းသန်းဝင်း (09254022429)၊ ဒေါက်တာ မိုးဟိန်းဇော် (09 5180141) တို့ထံသို့ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ (၃) ရက် နောက်ဆုံးထား၍ ပေးပို့လှူဒါန်းနိုင်ကြောင်းသိရှိရသည်။
သတင်းစဉ်


