နေပြည်တော်၊ ၁ ဒီဇင်ဘာ 

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၁ ရက် နံနက် ၇ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အောက်စ်ဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ D.Phil (Oxford, UK) နှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် ဆရာတော် အရှင်ဓမ္မသာမိ က အတိတ်အနာအဆာများ ကုစားရာတွင် ရန်ကုန်တက္ကသိုလ်၏ အရေးပါသော အခန်းကဏ္ဍ (Yangon University can Lead in the Nation’s Healing the Past) ခေါင်းစဉ်ဖြင့် သာဓုအနုမောဒနာတရား ဟောကြားချီးမြှင့်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက် တရားနာယူကြသည်။

ယင်းနောက် အောက်စ်ဖိုဒ့် ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ နှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။ 

သတင်းစဉ်