ရန်ကုန် ၂၅ ဇူလိုင်
ရန်ကုန် လေယာဉ်မှုးကြီး ဦးအောင်ပိုနှင့်အတူ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်း (Win & San)၊ ဦးခင်မောင်လတ်၊ သီရိသုဓမ္မသီင်္ဂီ ဒေါ်ဇင်ဇေလတ် နှင့် ဒေါ်မာလာဝင်း (Yangon WaterBoom)တို့နှင့် ကိုမောင်မောင်အေး (Dream Board)၊ နိုင်ငံကျော်တေးသံရှင် အရိုး တို့ ပူပေါင်းကူညီပါဝင်သော "အဖြူရာင်စုံမှတ်များ '၁၉' ပရဟိတအဖွဲ့" က ရန်ကုန်တက္ကသိုလ်နယ်မြေ Quarantine Centre (၇)ခု၌ရှိသော စေတနာဝန်ထမ်းများနှင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား လိုအပ်သော စားသောက်ဖွယ်ရာများကို ယနေ့ နံနက်ပိုင်းမှစ၍ လှည့်ပတ်လှူဒါန်းမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်း (Win & San)က "လေယာဉ်မှူးကြီး ဦးအောင်ပို ၏ “မိုးကုတ်စက်ဝိုင်းနှင့် ဆုံမှတ်များ”အမည်စာအုပ်ထွက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့" အဖြူရာင်စုံမှတ်များ '၁၉ ပရဟိတအဖွဲ့"အဖြင့် Quarantine Centre များတွင် လိုအပ်သော အစားအသောက်၊ မုန့်ပဲသရေစာ၊ မြန်မာရိုးရာမုန့်မျိုးစုံ၊ လက်သန့်ဆေးရေ၊ ရှုဆေး၊ သောက်ရေသန့် တို့ကို လှူဒါန်းဖြစ်ကြတာပါ"ဟု ပြောသည်။
သွားရောက်လှူဒါန်းခဲ့ကြသည့် Quarantine Centre များမှာ YUFL (အဓိပတိဆောင်)(ဧကရီဆောင်)၊ ရန်ကုန်ပညာရေးတက္ကသိုလ် (သံပျင်ဆောင်)၊Hlaing Quarantine Centre (မြတ်လေးဆောင်)၊ (G-H)စင်တာ ၁-၂-၃ တို့မှ ဦးရေစုစုပေါင်း ၄၀၀ ကျော်ခန့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းဓါတ်ပုံ - မျိုးမင်းသိန်း(မရမ်းကုန်း)


