နေပြည်တော်  ၂  ဒီဇင်ဘာ

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ ဒီဇင်ဘာ ၄ ရက်နေ့ညတွင် နောက်ဆုံးပွဲစဉ်(၈)အဖြစ် EMPEROR တေးဂီတ အဖွဲ့နှင့်အတူ တေးသံရှင် ဗစ်တာခင်ညို၊ ဇော်ဝင်းထွဋ်၊ အောင်နိုင်၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဝေလ၊ အောင်ထက်၊ ပြည့်ဖြိုးစိန်လွင်၊ ဟေမာနေဝင်း၊ အိအိ၊ အိမ့်ချစ်၊ ဂျူဝယ်လ်၊ ပိုပိုဟေသာနှင့် ချမ်းမြေ့မောင်ချိုတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။ 

အဆိုပါတင်ဆက်ခဲ့မှုကို ဒီဇင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်