ရပ်စောက် ၃၀ ဩဂုတ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် အလည်ချောင်းကျေးရွာအုပ်စု၊ တောယားကျေးရွာရှိ ရွှေဂျင်းစိမ်းမျို့စေ့ထုတ် သမဝါယမအသင်းလီမိတက်မှ သမဝါယမအသင်းသားပိုင်မြေ ၅၂ ဧက ပေါ်တွင် အရည်အသွေး ကောင်းမွန်သည့် မျိုးကောင်း၊ မျိုးသန့်ဂျင်းများ စိုက်ပျိုးထားရှိပြီး ထွက်ရှိလာပါက မြို့နယ်သမဝါယမအသင်းစုများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမ အသင်းစုချုပ်များနှင့် ချိတ်ဆက်၍ သမဝါယမလမ်းကြောင်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချသွားမည်ကြောင်း သိရသည်။
MDN


