ရပ်စောက် စက်တင်ဘာ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရပ်စောက်မြို့နယ် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကြက်တက်ကျေးရွာကုန်ထုတ်လမ်းနှင့် ပင်လုံ-ဘုရားကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးခရိုင ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဦးဇော်ဝင်းထွန်း၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများသည် ကြက်တက်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းအရှည် ၁မိုင်နှင့် ပင်လုံ-ဘုရားကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအရှည် ၁မိုင် ၁ဖာလုံ နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး တင်ဒါအောင်မြင့်သည့် ကုမ္ပဏီမှ တာဝန်ခံများ၊ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ကြက်တက်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ပင်လုံ-ဘုရားကုန်း ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၈၄၂)သိန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးမြေဧက များမှထွက်ရှိသော လယ်ယာထုတ်ကုန် စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယဦးစီးမှူး ဦးရှေးရယ်ထံမှ သိရသည်။
ချိုသန်းညွန့် (ကျေးလက်)