ရပ်စောက် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများဆန္ဒမဲပေးကြရန် “မဲပေးကြစို့ တို့နှိုးဆော်”၊ “တို့အတူမဲပေးကြမည်”၊ “ပြည်သူ့တာဝန်ကျေပါစေ” ၊“ဆန္ဒ မဲပေးကြပါ” စသည့်မဲပေးခြင်းအသိပေးနှိုးဆော်သီချင်းများကို အသံချဲ့စက်ဖြင့် လူစည်ကားရာ မြို့မဈေးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအထိ လှည့်လည်ဆော်ဩခဲ့ကြပြီး “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


