တောင်ကြီး ၆  ဇူလိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်အတွင်းရှိ ဗထူးစမ်းနှင့် အင်းခေါင်းကန်အတွင်း ငါးမျိုးစိတ်ပေါင်း တစ်သိန်းခွဲကို ဇူလိုင် ၅ ရက်နေ့က စိုက်ထည့်ပေးကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဗထူးတပ်နယ်မှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဗထူးစမ်းအတွင်း ငါးမြစ်ချင်း အကောင်နှစ်သောင်း၊ ရွှေငါး အကောင် နှစ်သောင်းနှင့် မြက်စားငါး အကောင် နှစ်သောင်း တို့ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ရပ်စောက်မြို့ အင်းခေါင်းကန်တွင် ငါးမြစ်ချင်း အကောင် သုံးသောင်း၊ ရွှေငါး အကောင် သုံးသောင်းနှင့် မြက်စားငါး အကောင် သုံးသောင်း၊ စိုက်ထည့်ပေး ခဲ့ကြောင်း သိရပါသည်။ ထို့နောက် တောင်ကွက်သစ်ရပ်ကွက်ရှိ ကမ္မဋ္ဌာန်းကျောင်းတွင် Facility Quarantine ထားရှိမှုကို သွားရောက်ကြည့်ရှုပြီး တာဝန်ကျ ဆရာဝန်၊ ဆရာ/မများအား ပြည်နယ်ဝန်ကြီးမှ အလှူငွေ(၅)သိန်း၊ ပြည်နယ်ကျေးလက်ဦးစီးဌာန ပြည်နယ်မှူးမှ အလှူငွေကျပ် (၅)သိန်းနှင့် ဆရာဝန်များ လိုအပ်သည့်နေရာတွင် အသုံးပြုရန် အလှူငွေကျပ်(၂)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

#MRTV