နေပြည်တော် ဖေဖော်ဝါရီ ၂၄

 

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများအတွက် ရုံးသုံးမြန်မာစာရေးနည်းအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ နေပြည်တော်ရှိ အရာထမ်းများ တက်ရောက်ကြပြီး ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများရှိ အရာထမ်းများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို ရုံးစာပုံစံများအလိုက် ရည်ရွယ်သော အကြောင်းအရာပေါ် မူတည်လျက် ကျစ်လျစ်တိကျသော၊ ရှင်းလင်းပြတ်သားသော ရုံးသုံးစာကို ကျွမ်းကျင်စွာ ရေးသားနိုင်ရန်၊ ဘာသာစကားအသိ (Language Awareness) ကို မြှင့်တင်ပေး၍ မှန်ကန်သော စာအရေးအသားဖြစ်စေရန်၊ ဝန်ထမ်းများ၏ ရုံးသုံးမြန်မာစာအရေးအသား စွမ်းရည် တိုးတက်စေလျက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကား ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်အေးက သုံးရက်တာ ဆွေးနွေး ပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ အရာထမ်း စုစုပေါင်း (၃၈၂) ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်