ရန်ကုန် ၂၁ ဇူလိုင်


ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body - BGB) လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၁၉) ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက်  အဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြသည်။

 

1


ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စက်မှုဌာနခွဲနှင့် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲမှ တာဝန်ရှိသူများက ယခင်ပြုလုပ်ခဲ့သည့် BGB အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၉) ၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုကို ဖတ်ကြားတင်ပြပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ပုဂံ၊ ပတ္တမြား FM၊  ချယ်ရီ FM၊ ရွှေ FM၊ Forever Group Co., Ltd (မန္တလေး FM ၊ ပဉ္စဝတီ FM)၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Family Entertainment Group ၊ Mizzima Media Company Limited ၊ DVD Multimedia Group Company Limited ၊ Fortune Broadcasting Company Limited ၊ KMA TeleMedia Holding  Company Limited နှင့် My Multi Media  Group Company Limited တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 


သတင်းစဉ်

 

2