ရန်ကုန် ၂၃ မေ

ဒါရိုက်တာ Yasujiro Ozu ရိုက်ကူးသည့် An Autumn Afternoon ဇာတ်ကားအား မေလ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်း စိတ်ဖြာ လေ့လာမှုအစီအစဉ် ပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၁၇) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ 

“An Autumn Afternoon” ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာ Yasujiro Ozu ၏ နောက်ဆုံးလက်ရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ Mainichi Film အဖွဲ့မှ ချီးမြှင့်သော အကောင်းဆုံး သရုပ်ဆောင်ဆု (၂)ဆု နှင့် အကောင်းဆုံးဓာတ်ပုံဆု(၁)ဆုကို ရရှိခဲ့ပါသည်။

(သတင်းစဉ်)