နေပြည်တော် ဇူလိုင် ၂၂
ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ဒုတိယအကြိမ် အစည်းအဝေးအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ အဆင့်မြင့်အရာထမ်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှ အဆင့်မြင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဘဏ်များမှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရုရှားနိုင်ငံဗဟိုဘဏ် International Cooperation Department ၏ Director ဖြစ်သူ Mr. Andrey Lipin က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံဘဏ်များအကြား စာရင်းဖွင့်လှစ်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ VTB Bank၊ Credit Bank of Moscow နှင့် PROMSVYAZBANK တို့မှ ကိုယ်စားလှယ်များက ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံဗဟိုဘဏ်များမှ Financial Messaging System of the Bank of Russia (SPFS) အတွက် Infrastructure/Network လိုအပ်ချက်များ၊ Accounts ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ မြန်မာဘဏ် များက သိလိုသည့်အချက်များနှင့် SPFS ဖြင့် ဆောင်ရွက်ပါက ပြည်တွင်း သုံးငွေကြေးဖြင့်သာမက နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်လှစ်နိုင်မှုတို့ကို အပြန်အလှန် မေးခွန်းများမေးမြန်းခြင်း၊ ဖြေကြား ခြင်းများ ပြုလုပ်၍ အတွေ့အကြုံ အသိအမြင်များ ဖလှယ်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရုရှားနိုင်ငံ ဗဟိုဘဏ်မှ Director Mr. Andrey Lipin တို့မှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)