နေပြည်တော်၊ နိုဝင်ဘာ ၁၂

 

ကျန်းမာရေးဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်များ၊ ဆေးသုတေသနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေး နယ်ပယ်များတွင် အတွေ့အကြုံ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။

 

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ကလေးအထူးကုဆရာဝန် ငါးဦး တို့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက် မှ (၂၅) ရက် အထိပြုလုပ်မည့် ကလေးကျန်းမာရေးဆိုင်ရာ သုတေသနနှင့် လက်တွေ့လေ့ကျင့်ရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ယနေ့တွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။

 

အဆိုပါ သုတေသနနှင့်လက်တွေ့လေ့ကျင့်ရေး ဆွေးနွေးပွဲများတွင် မွေးကင်းစနှင့် ၅ နှစ် အောက် ကလေးများအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ကလေးငယ်များနှင့် ပတ်သက်သော ဆေးပညာ၊ ကူးစက်လွယ်သော ရောဂါများနှင့် စပ်လျဉ်းသည့် အတတ်ပညာဆိုင်ရာ အရည်အသွေးမြှင့်တင်းရေး အပါအဝင် ဆေးဘက်ဆိုင်ရာအသိပညာနှင့် လက်တွေ့အရည်အချင်းများ တိုးတက်ရေးတို့အတွက် သင်ကြားဆွေးနွေးကြမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်