သာစည် ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်း (၉)ကျောင်း အဆင့်တိုးပြီး အခြေခံပညာ မူလတန်းကျောင်း(ခွဲ) တစ်ကျောင်း ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အခြေခံပညာ အထက်တန်းကျောင်းအဖြစ် နှစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် သုံးကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် နှစ်ကျောင်းတို့ဖြစ်ပြီး ပေါက်တောကျေးရွာနှင့် သက္ကယ်ဒိတ်ကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များအား အခြေခံပညာ အထက်တန်းကျောင်းများအဖြစ် လည်းကောင်း၊ မျက်နီကျင်းကျေးရွာနှင့် နွားထိုးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းများအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း၊ မုံပင်ဆုံကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် တောင်ပူစာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအား   အခြေခံပညာ အလယ်တန်းကျောင်းများအဖြစ် လည်းကောင်း၊ ကျွဲတပ်ကျေးရွာနှင့် လက်ထပ်ကုန်းကျေးရွာ မူလတန်းလွန်ကျောင်းများအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအဖြစ် လည်းကောင်း၊ ကျွဲကျကျေးရွာ၌ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း ဖွင့်လှစ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။                                                                                           

မြို့နယ်(ပြန်/ဆက်)