သာစည် ၂၃ မေ 

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မေ ၂၂ ရက် ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

မိုးရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် သာစည်မြို့နယ် ဘွဲ့ခြားကျေးရွာအုပ်စု ရောက်ရိုးကျေးရွာနှင့် ကန်သစ်ကုန်းကျေးရွာတို့တွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ရွာကုန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၇)လုံး လေဘေးသင့်ခဲ့သည်။

 

အလားတူ ဘွဲ့ခြားအုပ်စု ရောက်ရိုးကျေးရွာတွင် စာသင်ကျောင်း (၁)ကျောင်း၊ လူနေအိမ်(၂၀) လေဘေးသင့်ခဲ့ပြီး ကန်သစ်ကျေးရွာတွင် လူနေအိမ် ၅၅ လုံး လေဘေးသင့်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ 

 

အခင်းဖြစ်ပွားရာသို့ လုံခြုံရေးဆောင်ရွက်ခြင်းများနှင့် ရှင်းလင်းရေးဆောင်ရွက်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)

 

e IMG-0d9