ရန်ကုန် ၁၃ ဩဂုတ်
ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောပြည်သူများအား ဆက်လက်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀) နှုန်းကို ယမန်နေ့ ညနေ ၃ နာရီက ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ နိုင်ငံတော်အစိုးရ၏ ဆက်လက်ထောက်ပံ့ငွေများကို သာကေတမြို့နယ် ရပ်ကွက် (၁၉)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု (၁၆၄၀၉)စုထံသို့ ငွေကျပ် (၃၂၈,၁၈၀,၀၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက် က ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ ထောက်ပံ့ငွေများပေးအပ်ကာ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ တစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)