ရန်ကုန် စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်း၌ သာကေတမြို့နယ်၊ အမှတ်()ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ ၂၂၄ ဦးကို ဆက်လက်ရောင်းချပေးခဲ့သည်။

 

ရောင်းချပေးရာ၌အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည် ငွေကျပ် ၁၆၀၀၊ ဆီ ၅၀ ကျပ်သား ငွေကျပ် ၂၆၅၀ နှင့် ကြက်ဥတစ်လုံး ၁၇၅ ကျပ်တို့ဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)

 

mdn