ရန်ကုန် ၆ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် ပြည်သူများနှင့် မဲဆန္ဒနယ် ပြင်ပရောက် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သာကေတမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှ ကြိုတင်မဲဆန္ဒရှင်စာရင်းများ ပြုစုပြီး ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကို တာဝန်ရှိသူများမှ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ နိုင်ငံ့ပြင်ပရောက်ကြိုတင် ဆန္ဒမဲ လက်မှတ်ပါ စာအိတ် (၈၂၉) စောင်အား ယမန်နေ့ညနေ ၄ နာရီတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်မဲပုံးများသို့ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၊ ရပ်ကွက်(၁၉)ရပ်ကွက်၌ မဲရုံ(၂၁၁)ရုံထားရှိပြီး မဲဆန္ဒရှင် စုစုပေါင်းဦးရေ (၁၇၄၇၅၁) ဦးရှိကာ သာကေတမြို့နယ်မှ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၂၂)ဦး ရှိသည့် အနက်မှ စိစစ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ် (၈၂၉)စောင်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအသီးသီး၏ရှေ့တွင် အတည်ပြုကာ သက်ဆိုင်ရာကြိုတင် မဲပုံးများသို့ နိုဝင်ဘာ ၄ ရက်နေ့နှင့် ၅ ရက်ထိ ၂ ရက်တာ ထည့်သွင်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)


