သာပေါင်း ၂၅ ဩဂုတ်
သာပေါင်းမြို့နယ်အတွင်း သဘာ၀ဘေး ရေကြီးနစ်မြုပ်မှု့ကြောင့် မိုးစပါးသီးနှံ(၁၈၅)ဧက ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအတွက် တစ်ဧကလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခြင်းကို အမှတ်(၂)ရပ်ကွက်၊ဘောလုံးကွင်းလမ်း၊စိုက်ပျိုးရေးရုံး၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မကျည်းကုန်းကုန်းကျေးရွာအုပ်စု မှ မိုးစပါးစိုက်တောင်သူ(၁၁)ဦး၏ စိုက်ပျိုး ပျက်စီးဧက(၁၀၅)၊ဒည်ကုန်းကျေးရွာအုပ်စု မှ မိုးစပါးစိုက်တောင်သူ(၂၇)ဦး၏စိုက်ပျိုးပျက်စီးဧက(၈၀)တို့အတွက် တစ်ဧက(၁၀၀၀၀)နှုန်းဖြင့် စုစုပေါင်း(၁၈၅၀၀၀၀)ကျပ်တို့အား တာ၀န်ရှိသူများ က အသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြသည်။
မျိုးဇော်သိန်း (သာပေါင်းပြန်/ဆက်)


