သာပေါင်း ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ အုပ်စု၊ ကျီးပင်ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုတို့တွင် ဧပြီလ ၈ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်၍ ဦးမြစိန်၊ ဒေါ်သီတာဦး၊ ဒေါ်အုန်းဆင့်၊ ဦးဖြိုးမောင်၊ ဦးရှိုင်းထက်အောင်၊ ဦးရဲနိုင်၊ ဦးသန်းထိုက်၊ ဦးသန်းထူး၊ ဒေါ်သန်းရင်၊ ဦးဇော်မင်းဦးတို့၏ နေအိမ်များပြိုကျပျက်စီးခဲ့ရာ အဆိုပါ အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်သိန်း၊ မြို့မရဲစခန်း၊ ဒုတိယရဲမှူးဝင်းနိုင်ဦး၊ အဖွဲ့ဦးကျော်တိုး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်း၊ ဒုတိယဦးစီးမှူးဦးတင်မောင်ထွန်းတို့မှ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀ဝ)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါတစ်ပုံးတို့ ကို ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကျေးရွာ များသို့ သွားရောက်ကြပြီး လေဘေးသင့်မိသားစုများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မျိုးဇော်သိန်း(သာပေါင်းပြန်/ဆက်)