သာပေါင်း ဧပြီ ၁၆

 

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

 

သာပေါင်းမြို့နယ်ရှိ ရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများနှင့် ဧည့်ခံဖျော်ဖြေမှုများအပြင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရပ်ကွက်အတွင်း ရေကစားမဏ္ဍပ်များမှ ဖျော်ရည်အအေးများ၊ မုန့်လုံးရေပေါ်၊ သာကူများ၊ သင်္ကြန်ချစ်သူများအဖွဲ့မှ ဒံပေါက်ထမင်း၊ သင်္ကြန်ထမင်း၊ မုန့်ကြာရိုးတို့ဖြင့် ရေပတ်ခံထွက် ရေကစားကြသူများအား ဧည့်ခံကျွေးမွေးကြပြီး ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ အတာရေပတ်ဖြန်းကာ ကခုန်ပျော်မြူး ကစားလျက်ရှိ‌ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)