သာပေါင်း ၁၄  ဇူလိုင်


သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်မှု မရှိစေရန်နှင့်ပြည်သူများ ခွေးရူးရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ချက်များဖြင့် ဇူလိုင်(၁၃)ရက်နေ့မှ ဇူလိုင်(၁၅)ရက်နေ့အထိ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။


ခွေးရူးရောဂါ ကာကွယ်ဆေးကို တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးအလုံး (၃၀၀)အခမဲ့ရရှိခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများခွေးရူးရောဂါ အန္တရာယ်ကင်းဝေးစေရန်၊ ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရန်နှင့် ခွေးရူးရောဂါသည် ခွေး၊ ကြောင်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူးရောဂါကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးစေနိုင်သည့်အတွက် သာပေါင်းမြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၈)ရွာရှိ အသက်(၃)လအထက် ခွေး၊ကြောင်များကို အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား(CAHW)များနှင့် အဖွဲ့ခွဲပြီး ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာကျော်လင်း ၏ ပြောကြားချက်အရ သိရသည်။


မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)