သာပေါင်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီခွဲက မိုးသက်လေပြင်းတိုက်ခတ်၍ ဆပ်သွားကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာ၌ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။
ထိုသို့ မိုးသက် လေပြင်းတိုက်ခတ်၍ ဆပ်သွား ကျေးရွာအုပ်စု၊ကျီးပင်ကျေးရွာနေ ဦးသန်းထွန်း၏ နေအိမ်(အလျား ၁၂ ပေ၊အနံ ၁၅ ပေ၊အမြင့် ၁၅ ပေ) သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး အတူနေမိသားစု အမျိုးသား(၃)ဦး၊အမျိုးသမီး(၁)ဦး ပေါင်း(၄)ဦးအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများမှ ဝိုင်းဝန်းကူညီ ဖေးမ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)