နေပြည်တော် နိုဝင်ဘာ ၉

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ ဘာသာ၊ သာသနာ ဖွံ့ဖြိုးရေးနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်း လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီအနေဖြင့် နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ဖွံ့ဖြိုးရေးနှင့် သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့် ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ရေးဆွဲသည့် လုပ်ငန်းစီမံကိန်းများ မထပ်စေရန် အထူးဂရုပြု ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ပထမ ၆ လတာ ကာလအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

 

သတင်းစဉ်