နေပြည်တော်  ၂၄ ဇူလိုင်  

 


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက် ပရဝုဏ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။  

 


သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကိုက ကံ့ကော်ပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ခရေပင်ကိုလည်းကောင်း စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း အမှုထမ်းများက သစ်ပင်များကို တပျော်တပါး စိုက်ပျိုးကြသည်။

 


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲတွင် ကျွန်း ၃၈၃ ပင်၊ သရက်ပင် ၂၁၀၊ ပျဉ်းကတိုးပင် ၅၀၊ မဟော်ဂနီ ၆၅ ပင်၊ စိန်ပန်းပင် ၅၀၊ ခရေ ၆၆ ပင်၊ အာဆီယံသပြေ ၅၇ ပင်၊ ကံကော် ၄ ပင်၊ ပျဉ်းမ ၁၀ ပင် စုစုပေါင်း ၈၉၅ ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။   

 


သတင်းစဉ်